Clubnypian

Share your experience through our Community
 
HomeGalleryFAQSearchMemberlistRegisterLog in
Log in
Username:
Password:
Log in automatically: 
:: I forgot my password
Who is online?
In total there are 2 users online :: 0 Registered, 0 Hidden and 2 Guests

None

Most users ever online was 19 on Tue May 12, 2009 7:53 am
Top posters
Admin
 
eintchu
 
S_M
 
one
 
yks
 
naymoekyal
 
PawThwut
 
Sawyer
 
naing.lynn
 
tutpi
 
Affiliates


$50 Free Chip Special
 

Share | 
 

 ***The Poem***

Go down 
AuthorMessage
PawThwut
YR 2 Repeater
YR 2 Repeater
avatar

Male
Number of posts : 28
Age : 33
Location : Are Tar Lowt City
Registration date : 2008-04-25

PostSubject: ***The Poem***   Sun May 04, 2008 3:31 am




ဖန်ခွက်အလွတ


မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...

ရေခဲသေတ္တာ တံခါးတွေကို
ပိတ်လိုက်ပါ..
သူတို့က ချိုမြိန်တယ်လို့
ပြောပေမဲ့..
ငါမသောက်ချင်ဘူး...

စားပွဲပေါ်က ဝိုင်ပုလင်းတွေ
ပြန်သိမ်းလိုက်ပါတော့
အိမ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းနိုင်ဦးမလား
ငါတို့ နှစ်ယောက်အတွက်တော့..
ဒါတွေ မလိုအပ်ပါဘူးလေ...

အင်း.. ဟုတ်တယ်
သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစုံတခုနဲ့ အမြဲပြည့်ဝနေလို့
မော့သောက်လိုက်တဲ့အခါ
တကမ္ဘာလုံး ပိုင်ဆိုင်သွားကြတယ်...
ချစ်ခြင်းမေတ္တာက လွဲလို့ပေါ့..။

မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...

ကိုင်း.. ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့..
ငါတို့ နှစ်ယောက်လုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သွားတဲ့ အထိပေါ့..။

<ချစ်မိုးညို>




Last edited by PawThwut on Tue May 06, 2008 5:04 pm; edited 4 times in total
Back to top Go down
View user profile http://clubnypian.forumotion.com
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: ***The Poem***   Mon May 05, 2008 1:53 am

သြော်.......အလွတ်ကြီးရေးထားတာကိုး.
Back to top Go down
View user profile
PawThwut
YR 2 Repeater
YR 2 Repeater
avatar

Male
Number of posts : 28
Age : 33
Location : Are Tar Lowt City
Registration date : 2008-04-25

PostSubject: Re: ***The Poem***   Tue May 06, 2008 4:08 pm



အားပေးဖေါ်



မင်းရဲ့ဖြစ်ချင်လွန်းတဲ့ စိတ်တွေကို
ရပ်မပြစ်လိုက်ပါနဲ့..
ဆုံးရှုံးမှူတွေအတွက်
တထိုင်တည်း ခံစားပြီး ဝမ်းနည်းပစ်လိုက်..။
ပြီးရင်.. အဲဒီနေရာမှာပဲ အားလုံးကို ထားခဲ့ပါ..။
မင်းမပါမဖြစ် ပြန်ကောက်ခဲ့ရမှာက
မတော်တဆ ပြုတ်ကျသွားခဲ့တဲ့.. မင်းရဲ့
စိတ်စါတ်တချို့ပဲ...။

ကိုယ်ရည်သွေးတတ်၊ အနီးမှုန်တတ်
ပြီး..နောက်ပြန်သွားတတ် တဲ့ လူတွေအတွက်
မင်းစိတ်အားတွေ အဆုံးရှုံးမခံပါနဲ့ကွာ..
ငါတို့ အသစ်က ပြန်စကြမယ်..
ပြီးခဲ့တာတွေ အားလုံးကို အရင်းလို့ပဲ ထားဦး
ရင့်ကျက်မှူက အမြတ်ပေါ့..။
.." မသေခင်အချိန်ထိ နောက်ကျတယ်ဆိုတာ မရှိပါဘူး "..
ဒီစကားကို မင်းယုံရင် ပုံပြီးတော့ ကြိုးစားလိုက်စမ်းပါ...။
လွန်မြောက်သွားပြီး.. နောင်..
ပြန်လှည့်ကြည့်ရင်တောင် မမြင်နိုင်တော့မယ့်
မနေ့က မင့် အမှားတွေအတွက် ဝမ်းနည်းနေမယ့်အစား...
မနက်ဖြန်တိုင်းမှာ မင့်နာမည်တပွင့်
အလံလွှင့်နိုင်ဖို့ ငါတို့ အခုပဲ ပြင်ဆင်ကြရအောင်...။ ။

<ချစ်မိုးညို>




Last edited by PawThwut on Tue May 06, 2008 5:01 pm; edited 2 times in total
Back to top Go down
View user profile http://clubnypian.forumotion.com
PawThwut
YR 2 Repeater
YR 2 Repeater
avatar

Male
Number of posts : 28
Age : 33
Location : Are Tar Lowt City
Registration date : 2008-04-25

PostSubject: Re: ***The Poem***   Tue May 06, 2008 4:16 pm


ရည်ရွယ်သူ့အတွက်

မင်းဟာ.
အချစ်ဆိုတဲ့ မျိုးစေ့တွေကို အပင်ဖေါက်
ငါ့မျှော်လင့်ခြင်းတွေကို
အရွယ်ရောက်စေခဲ့တယ်
မင်းဟာ..
နေနဲ့လတို့ရဲ့ အလင်းရောင်ကို
ဖျက်ချိုး ငါ့ဘဝကို
တောက်ပခြင်းတွေနဲ့ လွှမ်းမိုးခဲ့တယ်
မင်းဟာ..
ပန်းတကာတို့ရဲ့ ရနံ့ကို ဖန်ဆင်း
ငါ့ရဲ့ ဆွတ်ပျံ့တဲ့ လတစ်စင်း ပေါ့

မင်းဟာ..
နွယ်ပင်တွေကို ခိုစီး
ငါ့ဘဝရဲ့ စပျစ်သီး လေးတစ်လုံးလည်းဖြစ်ရဲ့...။
ရီဝေအုံ့မှိုင်းနေတဲ့ ငါ့မနက်ဖြန်တွေကို
ကျော်လွန်နိုင်ဖို့
အကြင်နာရယ်.. ခွန်အားမျှလှည့်ပါ။
<ချစ်မိုးညို>


Back to top Go down
View user profile http://clubnypian.forumotion.com
PawThwut
YR 2 Repeater
YR 2 Repeater
avatar

Male
Number of posts : 28
Age : 33
Location : Are Tar Lowt City
Registration date : 2008-04-25

PostSubject: Re: ***The Poem***   Tue May 06, 2008 4:43 pm


မိုးတိမ်အကြောင်း

မနေ့ကပဲကိုယ့်ကိုကိုယ်
ရုတ်သိမ်းမိတယ်
မရပါဘူး..
အချိန်တန်တော့
ဒီ ရေငင်သံတွေခေါ်ရာနောက်ကို လိုက်နေမိဆဲ

တတိတိနဲ့ ကျိုးကျနေတဲ့ ပြက္ခဒိန်ထဲမှာ
ခပ်မှိုင်းမှိုင်း မှောင်နေတဲ့ကောင်ပါ..
အိတ်ပေါက်တစ်လုံးကိုလွယ်ပြီး
မျှော်လင့်ချက်တွေ လိုက်ကောက်နေလေ ရဲ့

မနက်ဖြန်နေသာမယ် ထင်ပြီး
ကိုယ့်ကိုကိုယ် ထုတ်လှန်းမိတဲ့
ဒီနေ့ ဒီနေ့ တွေသာ များများလာရင်း

အင်း.. ဒီလိုပါပဲ
ကျနော်ဟာ ညနေရီတရောတိုင်း
အိတ်ပေါက်ကလေး ကို စမ်းနေမိလေ ရဲ့။


မှတ်ချက်။ ။ အမှတ်မရှိတဲ့ ကျနော်ကိုယ်တိုင်အတွက်..

<ချစ်မိုးညို>



Back to top Go down
View user profile http://clubnypian.forumotion.com
Thura Bala
Fresher
Fresher


Male
Number of posts : 1
Age : 28
Location : Yishun
Registration date : 2008-05-16

PostSubject: Re: ***The Poem***   Sat May 17, 2008 2:54 pm

What a Face
Back to top Go down
View user profile
Khant Nay
1st Sem_YR 2 Stud
1st Sem_YR 2 Stud
avatar

Male
Number of posts : 17
Age : 68
Location : inside her heart
Registration date : 2008-04-25

Character sheet
RPG:

PostSubject: Re: ***The Poem***   Sun May 18, 2008 11:41 pm


အတွေး ကဗျာလေး
အချစ်၊ အမုန်း၊ အပြုံးအချိုနဲ့
အပေါ့ အငန် အစပ် အခါး
ကဗျာမျိုးစုံ ထုတ်လုပ်မည်။

ပါဝင်ပစ္စည်းတွေရယ်
ဆားကာရံ အတွဲတချို့နဲ့
သကြားမော်ဒန် အလွဲတချို့
အတွေးယောက်မနဲ့ ပြင်
မနင်ရအောင်
အရိုးတွေလည်း နွှင်ထားမယ်။
(မှတ်ချက်။ ။ကျန်းမာရေးနှင့် ညီညွတ်စေရန်
အချိုမှုန့်မပါဝင်။)

ဘာသာနဲ့ လူမျိုးမခွဲ
ဥတုသုံးပါးလည်း
အမြဲ သုံးဆောင်နိုင်တယ်။

အမုန်းနဲ့ အချစ်ကဗျာတွေမှာ
ကိုယ်ပိုင် အပြစ်နဲ့ အနာတွေလည်း
တွေ့နိုင်တယ်။

မမေ့နိုင်တဲ့
အလွမ်းအဆွေးမှာတော့
သူနဲ့ ကမ္ဘာတစ်ခြမ်းဝေးတဲ့
အကြောင်းတွေပေါ့။

အညောင်းပြေ..
အသဲကွဲတဲ့ အခါလည်း
မြည်းနိုင်တယ်၊ သူငယ်ချင်း။

ဘယ်အစင်းက
မင်း နှလုံးသားကို
ချစ်ခြင်းတွေ
ပစ်သွင်းနိုင်မလဲ ?
......................

ခံစားမှုအစုံကို
စကားလုံးတွေ ခြုံတဲ့အခါ
ဥုံ ဟဲ့...
ကဗျာတွေ ဖြစ်ပါစေသတည်း။ ။
Back to top Go down
View user profile http://www.eduking.blogspot.com
eintchu
IAP_YR 3 Stud
IAP_YR 3 Stud
avatar

Female
Number of posts : 116
Age : 28
Location : singapore
Registration date : 2008-05-17

Character sheet
RPG:

PostSubject: Re: ***The Poem***   Wed Jun 18, 2008 2:18 am

Thanks for sharing ... Smile .. nice !
Back to top Go down
View user profile
naing.lynn
Admin
avatar

Male
Number of posts : 25
Age : 31
Location : Singapore
Registration date : 2008-04-20

Character sheet
RPG:

PostSubject: Re: ***The Poem***   Fri Jun 20, 2008 2:55 am

ကိုကို ပေါသွပ်ရေ..... အားရင်.... Art of Nypian မှာလည်း.... ပိုစ့်တွေတင်ပါအုန်း.....။ ဘလော့လ်ကြီးက အရမ်းကို ငြိမ်နေပြီး.....။

_________________
Naing Lynn
Back to top Go down
View user profile http://clubnypian.blogspot.com
eintchu
IAP_YR 3 Stud
IAP_YR 3 Stud
avatar

Female
Number of posts : 116
Age : 28
Location : singapore
Registration date : 2008-05-17

Character sheet
RPG:

PostSubject: Re: ***The Poem***   Fri Jun 20, 2008 3:13 am

That's rite ! Ko ko paw thut yae ..., lote par own bya new posts twe !
Back to top Go down
View user profile
eintchu
IAP_YR 3 Stud
IAP_YR 3 Stud
avatar

Female
Number of posts : 116
Age : 28
Location : singapore
Registration date : 2008-05-17

Character sheet
RPG:

PostSubject: Re: ***The Poem***   Wed Jun 25, 2008 3:38 pm

အမေနှင့် အမေ့သမီးငယ် အကြောင်း

ဆူဆဲရေရွတ်
တတွတ်တွတ်နှင့်
စိတ်ညစ်အောင်ပြော
ဆုံးမသော အမေ

ကျွန်မမှာဖြင့်
ခံစားကျန်ရစ်
စူးနစ်သည့်မြှား
ကျင်စက်လားသို့
ရင်ခွင်ကြားမှာ
ဝင်ရောက်သည်သာ

သို့သော်လည်းပဲ
စက္ကန့် မိနစ် နာရီ ပြောင်းသော်
မိခင်မေတ္တာ
ပေါ်လာပြန်သဖြင့်
နွမ်းသောရင်လည်း
လန်းဆန်းလာကာ
ပျော်ရသည်မှာ
ဓမ္မတာပါ ။ ။

မိုးနှောင်းဆောင်းငယ်
Back to top Go down
View user profile
eintchu
IAP_YR 3 Stud
IAP_YR 3 Stud
avatar

Female
Number of posts : 116
Age : 28
Location : singapore
Registration date : 2008-05-17

Character sheet
RPG:

PostSubject: Re: ***The Poem***   Wed Jun 25, 2008 4:02 pm



စိတ် မ ပျက် နဲ့က လေး ရယ်

သာ ရာ လှ ပ ပြီး ထွန်း လင်း နေ တဲ့ လ ရောင် အောက် မှာ
စိတ် ပျက် ပျက် နဲ့  လမ်း လျှောက် ရင်း ခေါင်း မော့ ကြည့် လိုက် တဲ့ အ ခါ
ကြယ် လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ပျော် ပျော် နေ ပါ တဲ့....

သစ် ပင် အောက် က ခုံ တန်း လေး မှာ ထိုင် ရင်း
မင်း မျက် နှာ များ တဲ့ အ ကြောင်း စဉ်း စား ရင်း
စိတ် တေ လေ နေ တဲ့ အ ခါ
သစ် ပင် ပေါ် က ငှက် က လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ပျော် အောင် နေ ပါ တဲ့....

တ ခါ တ ရံ ဘ ၀ ကြီး ကို စိတ် ညစ် ညစ် နဲ့ 
ရေ ချောင်း လေး ဘေး လမ်း လျှောက် နေ တဲ့ အ ခါ
ရေ ရိုက် ခတ် သံ လေး တွေ က ပြော တယ်
စိတ် မ ပျက် နဲ့  က လေး ရယ် ချောင်း ရဲ့ တ ဘက် ခြမ်း မှာ
မြက် ခင်း တွေ က စိမ်း စို ပါ တယ်
က လေး ရယ် ပျော် ပျော် နေ ပါ ကွယ် တဲ့.....

မိုး ကောင်း ကင် ကြည် ပြာ ပြာ အောက် မှာ
မင်း အ ဆိတ် ခပ် သွား တဲ့ တို့  နှ လုံး သား လေး
ငို ယို နေ တဲ့ အ ခါ
နေ မင်း ကြီး က ပြော တယ်
က လေး ရဲ့ မျက် ရည် ကျ လောက် သည် ထက်
သူ ဟာ အဲ လောက် တန် ဖိုး မ ရှိ ပါ ဘူး တဲ့
မ ငို ပါ် နဲ့  က လေး ရယ် လူ့  ဘ ၀ ကြီး ကို ပျော် အောင် နေ ပါ တဲ့......

Back to top Go down
View user profile
yks
Admin
avatar

Male
Number of posts : 35
Age : 109
Location : SG
Registration date : 2008-04-21

PostSubject: Re: ***The Poem***   Sun Aug 03, 2008 8:16 pm



အလှဗေဒ၏ မိစာ



အဖုအထစ် ဝေဆာနေလွန်းလို့

မူးယစ်ဝေဒနာကို ဖြစ်ပေါ်စေတတ်တဲ့

ဗီးနပ်စ်အိန်ဂျယ်လ် အလှဘုရင်မကိုတောင်

မီးယပ်ပိန်နာသည်မ အသွင်ခစေခဲ့သူ။



မယ်မဒ္ဒီပျိုကညာလို အဖူးအရွတွေနဲ့

ဆယ်ပန်းချီယိုဖြာ မြူးကြွနေတဲ့

ကယ်လီယိုပက်ထရာ အနုအလှကိုတောင်

အရွယ်လှီအိုစာ ဘီလူးမဖြစ်စေခဲ့သူ။



ကျူးပစ်ငတိ အပျင်းကွေးလွန်းလို့

ယ္ခုအထိ သတင်းမွှေးစွန်းနေတဲ့

ဂျူးလီးယက် မင်းသမီးလေးကိုတောင်

ရူးပြီးသတ်သေခဲ့သူလို့ အတင်းကြီး ထင်မှတ်မှားစေခဲ့သူ။



နုတ်ခမ်းအကွေးအဆတွေရဲ့ ရသကြောင့်

စုတ်နမ်းပြေးကြသူတွေ များလွန်းတဲ့

မိုနာလီဆာရဲ့ အပြုံးရမ္မက် ကုဋေကဋ္ဌာတွေကိုတောင်

ကမ္ဘာမြေလွှာရဲ့ အဆုံးဖက်တနေရာမှာ ပုန်းဝှက်နေထိုင်စေခဲ့သူ။



အဲ့ဒီလို...................

ရူပါမာန်တက်နေတဲ့ ငနဲမတိုင်းကို

အမူအယာဟန် မလုပ်ရဲတော့လောက်အောင်

မတူမတန်သလို ခုတ်လှဲချခဲ့တဲ့ မင်းကတော့

တကယ့်ကို လူမဆန်စွာ လွန်ကဲပြီး လှနေသူလေးတစ်ဦးပါပဲ။



အဲ့ဒါတွေကြောင့်လည်း..

ဒီမှာ.............အချစ်ဆိုတဲ့

စောက်သုံးမကျတဲ့ ဝေဒနာကိုကြောက်လို့

နှလုံးသားနေရာကိုဖောက်ထုတ်ပြီး

ကျောက်တုံးအစား သေချာကောက်ထည့်ထားတဲ့

ငါလိုကောင်တစ်ကောင်ရဲ့ ခပ်မာမာရင်ဘတ်တစ်ခုကိုတောင်

မင်းက......................................

သီရိမာလို ပီတိဖြာတဲ့ အကြည့်အငွေ့နဲ့

ပဉ္စပါပီလို ဘ၀င်ကျစရာ အထိအတွေ့ တွေတောင် မသုံးပဲ

အသာကလေး ညွှတ်ပြောင်း ကွဲအက် အရည်ပျော်ကျစေနိုင်ခဲ့တယ်။



ဘာလို့လည်းဆိုတော့.............

ဥမ္မာဒန္နီလို ပဒုမ္မာဟန်သီတဲ့ ခြေလှမ်းတွေနဲ့

ဆုန်ခါဆန်ချီ လှမ်းလျှောက်လာနေတဲ့ မင်းလေးကို

ဟိုးအဝေးက လှမ်းမြင်လိုက်ရရုံလေးနဲ့ပဲ

တစ်သက်စာ အေးစက်မဲမှောင်နေခဲ့တဲ့

ငါ့ရဲ့ခုနှစ်ဆောင်ပြိုင် နှလုံးသားတိုက်ခန်းလေး

ပပ၀တီကောင်ရေ တသန်းအား ရုတ်တရက်ဝင်ဆောင့်လိုက်သလို

ချက်ခြင်း မီးဟုန်းဟုန်းထတောက်ခဲ့ရလို့ပဲပေါ့။


<မင်းတစေ>
Back to top Go down
View user profile http://clubnypian.blogspot.com
one
Concurage_YR 3 Stud
Concurage_YR 3 Stud


Female
Number of posts : 61
Age : 27
Location : ``````
Registration date : 2008-11-17

PostSubject: Re: ***The Poem***   Wed Nov 19, 2008 3:50 am

A child is like a butterfly in the wind,
Some can fly higher than others
But each one flies the best it can
Why compare one to another?
Each one is different
Each one is special
Each one is beautiful.


i dunno whether can i post it here or not...
Very Happy
Back to top Go down
View user profile
Sponsored content




PostSubject: Re: ***The Poem***   

Back to top Go down
 
***The Poem***
Back to top 
Page 1 of 1
 Similar topics
-
» My brother has autism.

Permissions in this forum:You cannot reply to topics in this forum
Clubnypian :: Relax Zone ( အေးဆေး.. နွေးထွေး.. )  :: Art of Nypians-
Jump to: