Clubnypian

Share your experience through our Community
 
HomeGalleryFAQSearchMemberlistRegisterLog in
Log in
Username:
Password:
Log in automatically: 
:: I forgot my password
Who is online?
In total there is 1 user online :: 0 Registered, 0 Hidden and 1 Guest

None

Most users ever online was 19 on Tue May 12, 2009 7:53 am
Top posters
Admin
 
eintchu
 
S_M
 
one
 
yks
 
naymoekyal
 
PawThwut
 
Sawyer
 
naing.lynn
 
tutpi
 
Affiliates


$50 Free Chip Special
 

Share | 
 

 latest news about our country..

Go down 
AuthorMessage
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: latest news about our country..   Mon May 05, 2008 2:36 am

မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့သတင်းတွေကိုစုစည်းတင်ပြပေးမှာဖြစ်ပါတယ်..
အမြဲတမ်း
up to dateဖြစ်အောင်ကြိုးစားပြီးတင်သွားမှာပါ။
သတင်းများကို
mizzimaနှင့်myochitmyanmarမှရယူပါတယ်


မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:37 am

စမ်းချောင်းအခြေအနေ

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ - မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီး အပျက်အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း "သစ်ပင်ပြို ဓာတ်တိုင်လဲ" မှုများ ရှိသည်ဟု ပြောသည်။

ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:38 am

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ"

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၃း၄၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ" ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။

မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက "နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်" ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။

"တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ" ဟု သူက ပြောသည်။

ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သို့ ရောက်လာသော သတင်းများ အရ သိရသည်။

တောင်ညွှန့်မှာ အိမ်ပြို

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း အိမ်တချို့ပြိုလဲမှုများ ရှိသည်။

"မနက် ၁၀ နာရီလောက်အထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေတာ ဖုန်းလိုင်းတွေက မနက် ၉ နာရီအထိ ရနေသေးတယ်။
GSM တွေရော လိုင်းဖုန်းတွေရော အခု လုံးဝ မရတော့ဘူး။ အပျက်အစီး၊ အသေအပျောက်ကတော့ မနက်ဖြန်လောက်မှ သိရလိမ့်မယ်။ မီးလိုင်းတွေရော အောက်ကုန်တော့ ကျနော်တို့ သတင်းတွေ ဘာတွေလဲ နားထောင်လို့ မရတော့ဘူး။ MRTV ရော radio ရော နားထောင်လို့ မရတော့ဘူး" ဟု မင်္ဂလာတောင်ညွန့် နေသူတဦးက ပြောသည်။

ရန်ကုန်မြို့သားများ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင်၍လည်း မရဘဲ ဖြစ်နေကြသည်။

မိုးစဲသွားပြီဖြစ်သည့်အတွက် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထသာ ရပ်ကွက်အလိုက် လုပ်ဆောင်နေကြသည်။

မိုးစဲ လေငြိမ်ပြီ

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၇း၀၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင်းတွင် ယခုအချိန်တွင် မိုးလုံးဝ စဲသွားပြီး လေလည်း ငြိမ်သွားပြီ ဖြစ်သည်။
သို့သော် အပျက်အစီးများဖြင့် လမ်းများ ပိတ်နေဆဲ ဖြစ်သောကြောင့် လိုင်းကားများ ပြေးဆွဲခြင်းလဲ မရှိပဲ
taxi များလည်း ပြေးဆွဲခြင်း မရှိသေးပေ။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:42 am

မုန်တိုင်းဒဏ် ခံခဲ့ရသောကြောင့် ရန်ကုန်တွင် ဘုရားစေတီ အများအပြား ပျက်စီးမှု ဖြစ်ခဲ့ပြီး ရန်ကုန်လူထုသည် ရေပြတ်တောက်မှုနှင့် ဆက်လက် ကြုံတွေ့နေရသည်။

မီးပြတ်ပြီး ရေတွန်းစက်များ ရပ်နားထားသည့်အတွက် ဂျိုးဖြူရေပိုက်မှ ရေမရရှိကြပေ။ အလားတူပင် အ၀ိစီ တွင်းများကလည်း မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။

ရွှေတိဂုံဘုရားမှ အရံစေတီများ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု ဘုရား ဂေါပကများထံမှ သိရသည်။ နောင်တော်ကြီးဘုရား၊ ကြေးသွန်း ရုပ်ပွားတော်၊ ငါးထပ်ကြီးဘုရား၊ ကျိုက္ကဆံ ဘုရားတို့တွင် ပျက်စီးမှု ထီးတော် ပြုတ်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။ ရွှေတိဂုံဘုရားသို့ ဘုရားဖူးများ တက်ရောက်ဖူးမျှော်ခွင့်ကို တားမြစ်ထားသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်များ ပြတ်တောက်သွားနိုင်သည် ဆိုသော စိုးရိမ် ပူပန်မှုများကြောင့် စားသောက်ကုန်များ အလုအယက် ပြေးလွှား ၀ယ်နေကြသည်။ အခြေခံ စားသောက်ကုန်ဈေးများ အတက် ကြမ်းလာနေသလို လောင်စာဆီ ရှားပါးမှုလည်း ကြုံနေရသည်။

အစိုးရ ဓာတ်ဆီဆိုင်များအားလုံး ဘောက်ဆာဆီကား မလာသောကြောင့် ရပ်နားထားရာ မော်တော်ယာဉ်များ သွားလာမှုကို ကြီးစွာ အကန့်အသတ် ဖြစ်စေသည်။

ထို့အပြင် အမိုးအကာများ ပျက်စီးမှု ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်နေရာ သွပ်၊ သံ တို့ လိုသလောက်ပင် ၀ယ်၍ မရဘဲ ဖြစ်နေသည်။

အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ၀ယ်ယူသူ များပြားလှသောကြောင့် တန်းစီ စနစ်ဖြင့် ၀ယ်ယူနေကြရပြီး သံ၊ သွပ်စသည်တို့ကို လိုသလောက် ၀ယ်ယူ၍ မရနိုင် ဖြစ်နေသည် ဟု ဒေသခံ တဦးက ပြောသည်။

ထို့အပြင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လဲပြိုနေသော သစ်ပင်များကို ၀ိုင်းဝန်း ရှင်းလင်းနေပြီး အလုပ်ရှုပ်နေကြရသည်။ လျှပ်စစ်မီး အခက်အခဲကြောင့် မြန်မာ့ရုပ်မြင်ကို ကြည့်ရှု၍မရဘဲ ဓာတ်ခဲသုံး ရေဒီယိုများကိုသာ အားထားနေကြရသည်။

"ရပ်ကွက်တခုလုံး တူထုသံတွေ ညံနေတာပဲ။ ပစ္စည်းတွေကလဲ လိုသလောက် ၀ယ်လို့ မရနိုင်ဘူး။ ဈေးတွေကတော့ မတက်သေးဘူး။ ခုလောလောဆယ်မှာကတော့ ပစ္စည်းတွေက ၀ယ်ရတာ တအား ရှားနေတယ်။ သတင်းနားမထောင်ရတော့ မုန်တိုင်းအခြေအနေက ဘယ်လိုရှိလဲတောင် မသိရဘူး" ဟု အမျိုးသမီးတဦးက ပြောသည်။

မီးသွေးများ ရောင်းမလောက်ဖြစ်နေပြီး ကြက်ဥ၊ ဘဲဥ ကတော့ ရောင်းရ လက်မလည်နိုင်အောင် ဖြစ်နေသည်။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:42 am

အစိုးရပိုင် ရေဒီယိုက ကြေညာသွားရာတွင် မင်္ဂလာတောင်ညွန် မြို့နယ်အတွင်း အိမ်ပြိုလဲမှုများ ရှိသည်ဟု ဖော်ပြပါရှိသည်။ လေဆိပ်များနှင့် မီးရထား အသွားအလာများ ပြန်လည် ကောင်းမွန် နေသည်ဟု ပါရှိသည်။

သို့သော် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တွင်း လေကြောင်းလိုင်း လေယာဉ်များ မန္တလေးတွင် ရပ်နားနေကြရဆဲ ဖြစ်သည်။ ပြည်ပမှ ရန်ကုန်သို့ ပျံသန်းသော လေယာဉ် ခရီးစဉ်များကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး ယနေ့ မွန်းလွဲအထိ အနည်းဆုံး စောင့်ဆိုင်းရမည် ဖြစ်သည်။

အစိုးရ ယန္တရား ရပ်ဆိုင်းနေပြီး နေပြည်တော်၏ ကွပ်ကဲမှု ရန်ကုန်တွင် ပြတ်တောက်နေဆဲ ဖြစ်သည်။ လူအသေအပျောက်နှင့် ပတ်သက်၍ ခန့်မှန်းရာတွင် ရန်ကုန်တွင် ဆယ်ဂဏန်းသာ ရှိမည်ဟု အမည်မဖော်လိုသူ ပြည်ထဲရေးဌာန အရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် တောင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အပျက်အစီး များပြားသည်ဟု သတင်းထွက်ပေါ်နေသည်။ သို့သော် တယ်လီဖုံးလိုင်းများ ပြတ်တောက်နေ၍ အသေးစိတ် မသိရသေးပေ။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:48 am

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၀၉း၁၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက "အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ" ဟုပြောပြီး "အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ" ဟု ဆက်ပြောသည်။
ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် အကြီးမားဆုံး မုန်တိုင်းဖြစ်မည် ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:49 am

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၀း၁၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

ရန်ကုန်သားတဦး ပြောပြချက်

"စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ" ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

"အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး"

"ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ"

"အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ"

"ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်"

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက "ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။" ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့" ဟု ပြန်လည်ဖြေကြားသည်။

ဘားအံမှာလည်း မိုးကြီး

မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ "လမ်းပေါ်တောင် လူမထွက်ရဲဘူး" ဟု ဒေသခံတဦးက ပြောသည်။

လူအသေအပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော

အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:54 am

US Campaign for Burma ကကိုအောင်ဒင် ၊ Jeremy Woodrum Jennifer Quigley Thelma Young တို့ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ Hollywood မှ နာမည်ကြီးသရုပ်ဆောင်များက မြန်မာ့အရေးအတွက် စတင်တိုက်ပွဲဝင်နေပါပြီ
ဒီအစီအစဉ်ကို မေလမှာ ရက် ၃၀ တိတိ မျိုးချစ်မြန်မာ နဲ့
http://burmaitcantwait.org/burmaitcantwait/ ကနေခေါင်းစီးနေရာမှာ အထူးအစီအစဉ်အဖြစ် နေ့စဉ်တင်ဆက်သွားမှာဖြစ်ပါတယ်
ပြီးခဲ့တဲ့နေ့များအတွက်လဲ ဒီဗီဒီယိုရဲ့အောက်ဘက်မှာ နေ့အမှတ်စဉ်အလိုက် ပြန်လည်ကြည့်ရှုနှိုင်ပါတယ်


မျိုးချစ်မြန်မာမှရယူသည်.။
Back to top Go down
View user profile
tom
2nd Sem_YR 1 Stud
2nd Sem_YR 1 Stud


Male
Number of posts : 14
Age : 32
Location : singapore
Registration date : 2008-04-24

PostSubject: Re: latest news about our country..   Mon May 05, 2008 2:59 am

နိုင်ငံရေးသီချင်းကောင်းကောင်းလေးတွေနားထောင်ချင်တယ်ဆိုရင်ဒီမှာ...
နားထောင်လို့ရပါတယ်..ဒါပေမဲ့multiplyအကောင့်တော့ရှိဖို့လိုတယ်နော်..
Back to top Go down
View user profile
naymoekyal
Moderator
Moderator
avatar

Male
Number of posts : 30
Age : 29
Location : Nat Pyi
Registration date : 2008-04-20

Character sheet
RPG:

PostSubject: Re: latest news about our country..   Mon May 05, 2008 2:45 pm

ခုလို သတင်းပေးတာကို ကျေးဇူး Mr.tom
ထပ်ပီးတော့လဲ အသေးစိတ် ဖော်ပြပေးဦးဗျို့..
မြန်မာလို မြင်ရအောင်
edit လုပ်ထားပေးတယ်။
Back to top Go down
View user profile http://naymoekyal.blogspot.com
Sawyer
2nd Sem_YR 2 Stud
2nd Sem_YR 2 Stud


Male
Number of posts : 27
Age : 36
Location : singapore
Registration date : 2008-04-24

Character sheet
RPG:

PostSubject: Re: latest news about our country..   Mon May 05, 2008 10:32 pm

Back to top Go down
View user profile
S_M
FYP_YR 3 Stud
FYP_YR 3 Stud
avatar

Female
Number of posts : 77
Age : 25
Location : U.S
Registration date : 2008-05-13

Character sheet
RPG:

PostSubject: Re: latest news about our country..   Mon Jun 16, 2008 12:47 am

မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပတ္တမြားမြေ မိုးကုတ်မြို့တွင် ယမန်နေ့ နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုရာမှ လူ ၂၂ ဦးသေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။

ကြာသပတေး နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြား ထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီးသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ အရှေ့ပိုင်း အရပ်များဖြစ်သော ရေကြီး မြေပြိုမှုကြောင့် လူ ၂၂ ဦး မိုးကုတ် ဆေးရုံတွင် သေဆုံးခဲ့ပြီးဖြစ်ကာ လူ ၈ ဦး ပျောက်ဆုံးလျှက် ရှိသည်။

လေးပေဇေ။ တောင်နီ၊ သဲဖြူဝိုင်း၊ အုန်းကိုင်း၊ လယ်ဦး၊ အရပ်များတွင် ရေကြီး မြေပြိုမှု အများဆုံး ဖြစ်ပွါးခဲ့သည်။

မိုးများ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပြီး အရပ်သားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကောက်ခံကာ အိမ်ပြို သေဆုံးရသော မိသားစုများကို လှူဒါန်းရန် ပြင်ဆင်နေကြသည်။

ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါး ပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။

ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။
Back to top Go down
View user profile
Sponsored content




PostSubject: Re: latest news about our country..   

Back to top Go down
 
latest news about our country..
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
Clubnypian :: General ( အထွေထွေ ရောသမမွှေ )  :: General Discussion and Updated Hot Topics-
Jump to: