မေလက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှာ တိုက်ခတ်ခဲ့တဲ့ အကျဉ်းတန် Nargis မုန်တိုင်းဒဏ်ကို အလူး အလဲ ခံလိုက်ရရှာတဲ့ စိတ်ရောလူပါ မောဟိုက်နွမ်းလျနေတဲ့ ရိုးသားဖြူစင်လှတဲ့ ကလေးငယ်များရဲ့ ဘ၀စာမျက်နှာများကို သနားစာနာမှုများစွာနဲ့ ဒီကဗျာလေးကို ရေးစပ်မိလိုက်တာ ဖြစ်ပါတယ်။
ကမ်းလှမ်းလက်တစ်စုံ
• တစ္ဆေခြောက် အိပ်ပျက်ည
အမှောင် ကမ္ဘာထဲ
တွယ်ရာမဲ့ ခန္ဓာဝိညာဉ်လည်း
ယောင်ချာချာ ပျက်သုန်းလုဆဲ….
• ကြမ္မာဖန်ရာ လောကကမ္ဘာထဲ
ဓါးစာခံ မြေစာအဖြစ်
ဝေဒနာခံ ရောက်လာရပြန်တော့
မနက်ဖြန်ဆိုတာ ဝေးနေဆဲ….
• အကျဉ်းတန် ခရောင်းလမ်းဝန်းကျင်မှာ
ရှင်သန်ကာ ကျင်လည်ရင်း
နွေးထွေးတဲ့ ကမ်းလှမ်းလက်တစ်စုံကို
ဖွေရှာကာ လည်ပြန်ငေး..ဟိုးအဝေး..။
Rainydaysenator
26th May, 2008.
Nypian တစ်ဦးတစ်ယောက်စီတိုင်းလည်း ဒီကဗျာလေးကို ဖတ်ပြီးသွားတဲ့အခါ တစ်ခုခုကို စဉ်းစားပေးပါ။ သူတို့လေးတွေအတွက် မိမိတို့လုပ်ဆောင်ပေးနိုင်တာတွေ ဘာများရှိပါသလဲလို့။ သူတို့လေးတွေ အတွက် တစ်ခုခုလုပ်ဆောင် ပေးလိုက်ပါ။ အနည်းဆုံးတော့.. သူတို့ ရဲ့ ရှေ့ဆက်ရမယ့် ဘ၀စာမျက်နှာများ သာယာချိုမြိန် ဖြောင့်ဖြူးဖို့အတွက် အတူတစ်ကွ တောင်းဆုကိုယ်ဆီ ပြုကြပါစို့။